ပြင်ဦးလွင်မြို့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ အန္တရာယ်ကင်း ပရိတ်တရားနာ

ပြင်ဦးလွင် ဧပြီ ၁၃

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ  ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်  ပြင်ဦးလွင် လမ်းလျှောက်သင်္ကြန်ကို ရပ်ကွက်ကြီး(၆)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ပတ်လမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်မှ စတင်သတ်မှတ်ထားရှိပြီး  စည်ကားသိုက်မြိုက်စွာ  ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ယနေ့ နံနက် (၈) နာရီက  အဆိုပါဗဟိုမဏ္ဍပ်၌  အန္တရာယ်ကင်းပရိတ်တရားနာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဉီးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်များထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုကြပြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဆရာတော်သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ဆရာတော်ထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြည်ညိုကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များမှ ဆရာတော်ကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ပြီးမြောက်အောင်မြင်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)