ရေး ဧပြီ ၁၃
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန် အကြိုနေ့မွန်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က အောင်သုခရပ်ကွက်၊ ထန်းခြောက်ပင်ကျောင်းဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ နမောတသာ(၃)ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး ထန်းခြောက်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်း တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကိုကိုဦး၊ ခရိုင်/မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ အသက်(၈၀)နှစ်အထက် ကန်တော့ခံ ဘိုးဘွား(၁၅၀)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)တန်းဖိုးရှိ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေကျပ်(၁၀၀၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)