ကျိုက်လတ် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က အမှတ် (၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် (၁၀)ဖြတ်လမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား သပြေခက်ဖြင့် ရေများပက်ဖြန်း၍ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်