ငွေဆောင် ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ယနေ့ဧပြီလ( ၁၃) ရက်နေ့၊ သင်္ကြန်အကြိုနေ့တွင် အနယ်နယ်အရပ်ရပ်လာရောက်အနားယူ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ယခု၂၀၂၃ခုနှစ်တွင် ဧပြီလ၈ရက်နေ့မှ ၁၇ ရက်နေ့အထိ အစိုးရရုံးပိတ်ရက် ၁၀ ရက်ရှိရာ ယနေ့ ဧပြီလ ၁၂ ရက်နေ့၊ သင်္ကြန်အကြိုနေ့၌ မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူး ကြသူများ၊ speedboat,BananaBoat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျ BananaBoat စီးကြသူများ၊ငွေဆောင်၏ အထင်ကရ ကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများ ကျွန်း၊ ဘုရားသုံးဆူနှင့်မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များအေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီအချိန်နှင့် ညနေ ၃နာရီခွဲအချိန်တို့၌ ကမ်းခြေသို့ ဆင်းကာကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်