ဇလွန် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် ဇနီးမှ ဧည့်သည်တော်များအား မဟာအတာသင်္ကြန်ပန်းကုံးများ ချီးမြှင့်ပေးခဲ့ပြီး ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍာပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ နှစ်သစ်အကြိုအောင်သပြေခက်နှင့် ရေစင်သွန်းလောင်း၍ ယိမ်းအဖွဲ့ ရှစ်ဖွဲ့က အလှည့်ကျဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဝေယံ - ဇလွန် ( ပြန် / ဆက်)