ရွှေသောင်ယံ ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် သင်္ကြန်ကာလအတွင်း ရဟန်းခံရှင်ပြုပွဲများကို ဘုန်းတော်ကြီးကျောင်းတိုက်များ၌ ပြုလုပ်လျက်ရှိသည်။
ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ သင်္ကြန်အကြိုနေ့ မတိုင်ခင်တည်းက ရဟန်းခံရှင်ပြုပွဲများ ကျင်းပပြီး၊ ကောင်းမှုကုသိုလ်များပြုလုပ်၍ မြို့သူ၊ မြို့သားများမှာလည်း သင်္ကြန်ကာလအတွင်း ဉပုဒ်သီလစောင့်ထိန်းခြင်း၊ ဆွမ်း၊ ကွမ်းဝေယျာဝစ္စ ဆောင်ရွက်ခြင်းတို့ဖြင့် သင်္ကြန်ကာလကို အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။
ထိုသို့ဒေသနေပြည်သူများ ဘာသာတစ်ရားကိုင်းရှိုင်ပြီး သင်္ကြန်တွင်း ဉပုဒ်သီလစောင့်ထိန်းသူများ ပေါများလာခြင်းဖြင့် ဒေသတွင်းပို မိုတည်ငြိမ်အေးချမ်းကာ နှစ်သစ်ကူးရုံးပိတ်ရက်များ အတွင်းကမ်းခြေသို့ လာရောက်အပန်းဖြေသူများလည်း စိတ်အေးချမ်းပျော်ရွှင်မှု ရရှိကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)