ဟိုင်းကြီးကျွန်း ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့် တို့အား အမှူးထားလျှက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့်ဇနီး ဒေါ်သက်နွေဦးတို့မှကြီးမှူး၍ ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊စစ်သည်၊မိသားစုများ၏ ရဟန်းခံ၊ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအခမ်း အနားကို ယမန်နေ့ ညနေ (၁၄း၀၀)နာရီအချိန်မှစ၍ အမှတ်(၃) ရပ်ကွက်၊ စံထူးစံပြ ပဓာနိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာအမှန် မြတ်နိဗ္ဗာန်ကိုရည်စူး၍ ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊မိသားစုများ၏ ဒုလ္လဘရဟန်းလောင်း (၄၆)ပါး၊ရှင်သာမဏေလောင်း (၁၃)ပါးနှင့်သမီးရတနာ (၈)ဦးတို့အားယမန်နေ့ ညနေ့ (၁၃း၀၀) နာရီအချိန်တွင် ဆံချပရိတ် တရားတော်နာပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် သိမ်ဆင်းလောင်းလှူကာ နံနက် ၉ နာရီခွဲအချိန်တွင် ရေစက်ချတရားတော်နာယူခဲ့ကြကြောင်းသိရသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အားနေ့လည်ဆွမ်းနှင့် ဒါတဗ္ဗဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်းသိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)