သံတောင်ကြီး ဧပြီ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဘွယ်ဟီခို-နော်ဘူဘောတောင်းတောင်၏(၂၈)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းဝတ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က နော်ဘူဘောဆုတောင်းတောင်ထိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်ဒူသူ၏ဆုတောင်ခြင်းဖြင့် အခမ်းအနားစတင်ပြီး ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များမှသီချင်းသီဆိုခြင်း၊ ဆရာတော်ဘွယ်ထူးမှ တရားဒေသနာဝေငှခြင်း၊ ဆရာတော်တင်အုန်းမှ အလှူငွေနှင့် ဆန်အိတ်များအတွက် အထူးဆုတောင်းဆက်ကပ်ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဘွယ်ဟီခို-နော်ဘူဘောဆုတောင်းတောင်၏ (၂၈)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်သည့် ပရိသတ်များအား ဆန်အိတ်ထုပ်များပေးအပ်လှူဒါန်းပြီး နံနက်စာထမင်းနှင့် ဟင်းများဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
အဆိုပါ သံတောင်ကြီးမြို့သည် တောင်စခန်းမြို့တစ်မြို့ဖြစ်ပြီး ဘွယ်ဟီခိုနော်ဘူဘောဆုတောင်း တောင်သည်ဆုတောင်းပြည့်သည့် အထင်ကရနေရာတစ်ခုဖြစ်ကာပွင့်လင်းရာသီအအချိန်တွင် ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာလာရောက်လည်ပတ်အနားယူသည့် မြို့ဖြစ်သော်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် နောက်ပိုင်းတွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်ခြင်း မရှိတော့ကြောင်း ကိုဗစ်-၁၉ရောဂါမဖြစ်ပွားခင်က နော်ဘူဘောဆုတောင်းတောင်၏ နှစ်ပတ်လည်နေ့များတွင် ပြည်တွင်းပြည်ပမှခရီးသွားပြည်သူများ၊ ဧည့်သည်တော်များနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုအချိန်တွင် သံတောင်ကြီးမြို့ပေါ်ရှိဒေသခံပြည်သူများနှင့် သာကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ရကြောင်း နော်ဘူဘောဆုတောင်းတောင်ကော်မတီအဖွဲ့ဝင် ဇိုင်းယာန်းနှစ်ခြင်းအသင်း တော်မှ ဆရာအောင်ထူးထံကသိရသည်။
နော်နော်မူ(ပြန်/ဆက်)