မိုးညှင်း ဧပြီ ၁၃
မိုင်းဖုန်းဆရာတော်ကြီးသည် သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်သို့ ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ကြွရောက်တော်မူကြောင်း သိရသည်။
မိုးညှင်းမြို့ နားခါရပ်ကွက်၊ သာစည်ရပ်ရှိ ထီးလင်းကျောင်းတိုက်သို့ရောက်ရှိ၍ သီတင်းသုံးလျက်ရှိသော သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဉာဏသံဝရ မိုင်းဖုန်းဆရာတော်ကြီးသည် ထီးလင်းကျောင်တိုက်ရင်ပြင်၌ တရားနာပရိတ်သတ်များအား တရားဒေသနာတော်များဟောကြားတော်မူခဲ့ပြီး ညနေ(၅)နာရီ (၅)မိနစ်တွင် မိုးညှင်းမြို့မှတစ်ဆင့် မိုးကောင်းမြို့နယ်ဘက်သို့ ကြွတော်မူခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း