တံတားဦး ဧပြီ ၁၃
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဆိုင်များ ၊ အလှကုန်ပစ္စည်းရောင်းဆိုင်များတွင် တားမြစ်ဆေးများ ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ ၊ သက်တမ်းလွန်ခါနီးဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့်ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော ဆေးဝါးများ၊ ဝယ်ယူတင်သွင်း ဖြန့်ချိရောင်းမှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ပြီးစစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပဒေပါပြဌာန်းချက်အရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နွယ်နွယ်ဦးထံမှသိရသည် ။
ရဲတင့်( ပြန်/ဆက်)