မြောင်းမြ ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်း သိကောင်းစရာ (ကြာဆန်မရွေး လုပ်ငန်း ရှင်တစ်ဦးနှင့်တွေ့ဆုံခြင်း) အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလင်း၊ မြောင်းမြမြို့ရှိ အသေးစားစက်မှုလက်မှု “ဝင်း”ကြာဆန်မရွေး လုပ်ငန်းရှင် ဒေါ်ဝင်းသိင်္ဂီ တို့နှင့်အတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ စနစ်တကျမှတ်ပုံတင်ရေး၊ ကုန်ပစ္စည်းများ အရည်အသွေးမှန်ကန်မှုရှိစေရေး၊ ငွေကြေး၊ စက် ပစ္စည်းလိုအပ်မှုများနှင့်ပတ်သက်၍ ဌာနမှ ကူညီနိုင်သည့် ကိစ္စရပ်များ၊ လုပ်ငန်းရှင်အနေဖြင့် မိမိထုတ်ကုန်ပစ္စည်းပါ ကုန်ကြမ်းပစ္စည်းများကို အရည်အသွေး မြှင့်သည့် ပစ္စည်းများကိုသာ သုံးသင့်ကြောင်း၊ အမြတ်အစွန်းရရှိရန်ထက် ထုတ်ကုန်ပစ္စည်း အကုန် အသွေးကျမသွားရန် အဓိကထား ထုတ်လုပ်ဖြန့်ချိထားကြောင်း၊ လုပ်ငန်းများကို ယခုထက်ပိုမို စျေးကွက်မြှင့်တင်ထုတ်လုပ်ဖြန့်ချိရန်တို့ကို ဆွေးနွေးသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အသိပညာပေး Talk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)