ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အတာရေသဘင် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ
Apr 13,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အတာရေသဘင်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းအနီး ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့တို့၌ ကျင်းပရာဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်နှင့်ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်သည်။