တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပ

တောင်ကုတ် ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယနေ့ညနေ(၅)နာရီအချိန်က ကျင်းပခဲ့ ‌ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးဦး‌သောင်းရွှေ က ပြိုင်ပွဲဝင်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နံ့သာသွေးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်း(၈)၏ ယှဉ်ပြိုင်မှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်တောင်ကုတ်တပ်နယ်မှ ဗိုလ်မှူးကြီးစိုင်းသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အားပေးကြည့်ရှုကြသည်။

အဆိုပါ နံ့သာသွေးပြိုင်ပွဲတွင် ပထမဆုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းမှလည်းကောင်း၊ ဒုတိယဆုကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်းကောင်း၊ တတိယဆုကိုကံပိုင်ရပ်ကွက် အသင်းမှရရှိခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌခရိုင်တရားသူကြီးဦးစိန်ကျော်ဖြူထံမှ သိရသည်။

ရခိုင်ပြည်နယ်၌ ယဥ်ကျေးမှုအစဉ်အလာအရ ရိုးရာသင်္ကြန်ပွဲတော်မကျင်းပမီ နံသာသွေးပြိုင်ပွဲများကိုကျင်းပပြီး ဘုရားကျောင်းကန်များသို့သွားရောက်၍ ဗုဒ္ဓရုပ်ပွားတော်များကို အမွှေးနံသာများဖြင့်ရေသပ္ပာယ်ခြင်းများကို ဆောင်ရွက်လေ့ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်