သတင်းများ

နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ် သခွားမွှေး တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Apr 08,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ် သစ်ခွားမွှေးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သခွားမွှေးစိုက်ပျိုးသူ ထံက သိရသည်။ 
နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း နှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားသွက်
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်းနှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးရန်အတွက် ငဖဲမြို့နယ်တွင်ပျိုးပင်ပေါင်း (၆၁၃၀၀ )ပင် ပျိုးထောင် ထားရှိ
Apr 08,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သစ်တောဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊သစ်တောသစ်ပင်များစိမ်းလန်းသာယာစိုပြည်ရေးနှင့်  အပူပိုင်းဒေသစိမ်းလန်းစိုပြည် စေရေး အတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဉယျာဉ် နှင့် ပျဉ်းဝ ပျိုးဉယျာဉ်တွင် ပျိုးပင်ပေါင်း ( ၆၁၃၀၀ ) ပင်ကို ပျိုးထောင်ထား ရှိကြောင်း သိရသည်။
ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး(၁)ဦးအား  ငွေကျပ် (၁၅)သိန်း ထောက်ပံ့
Apr 08,2023
မကွေးတိုင်း ဒေသကြီး သရက်မြို့တွင်  အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး (၁)ဦး အား ပီတိပညာရေး ပရဟိတမှ ငွေ(၁၅) သိန်း  ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းကျော်ပြီးစီး
Apr 08,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ( ၆)ခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ် အဆောက်အဦ ဆောက်လုပ်မှုမှာ ယခုအခါ ၇၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ မောင်းဂွက်တောကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေလှူဒါန်း
Apr 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသော မောင်းဂွက်တောကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Apr 08,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၆)ရပ်၊ Heritage Hotel Bagan ခန်းမဆောင်၌ ဧပြီ ၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်ဌာနဆိုင်ရာများ၊ ကျောက်ပန်းတောင်းမြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 08,2023
လားရှိုးဂေါက်ကလပ်ကော်မတီမှ ကြီးမှူးကျင်းပသော နှစ်သစ်ကူးမဟာသင်္ကြန် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဂေါက် ကလပ်တွင် ကျင်းပခဲ့သည်။