သရက် ဧပြီ ၈
မကွေးတိုင်း ဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး (၁)ဦး အား ပီတိပညာရေး ပရဟိတမှ ငွေ(၁၅) သိန်း ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက ဦးတင်ထွဋ်၊ ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစား ယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက်အငြိမ်းစားပင်စင်ယူထားသည့် ဆရာကြီး ဦးသန်းကျော် (ငြိမ်း)အား ပီတိပညာရေး ပရဟိတမှထောက်ပံ့သည့်ငွေကျပ်(၁၅)သိန်းကို ပီတိပညာရေးပရဟိတ နာယက ဦးတင်ထွဋ်က ပေးအပ်ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက်ပညာရေး(ငြိမ်း) ဦးသန်းကျော်က အလှူငွေ(၃)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာမ ဒေါ်တင်တင်ယု က လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)