ကန့်ဘလူမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းကျော်ပြီးစီး

ကန့်ဘလူ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ( ၆)ခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ် အဆောက်အဦ ဆောက်လုပ်မှုမှာ ယခုအခါ ၇၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၈၀ ဖြင့် တင်ဒါအောင်မြင်သော Myanmar Mandalay Sum Light ဆောက်လုပ်ရေး ကုမ္ပဏီက ယမန်နှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောက်လုပ်ရာတွင် အဆောက်အဦ ဆောက်လုပ်မှု အရည်အသွေးပြည့်မီရေးနှင့်အချိန်မီ ပြီးစီးရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)