အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ညောင်ဦး  ဧပြီ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်()ရပ်၊ Heritage Hotel Bagan ခန်းမဆောင်၌ ဧပြီ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်ဌာနဆိုင်ရာများ၊ ကျောက်ပန်းတောင်းမြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် အဂတိလိုက်စားမှုတို က်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အခြေခံပညာ ကျောင်းများမှအခြေပြုကာ အသိပညာပေး ထည့်သွင်းပို့ချသွားနိုင်ရေးနှင့်မြို့နယ်အခြေခံ၍ ခရိုင်/တိုင်း/နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ၊ ကမ္ဘာလှည့်ခရီးသွားများ ဒေသတွင်းသို့လေကြောင်းလိုင်းများမှတဆင့်ဝင် ရောက်လည်ပတ်လာနိုင်သည့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေး နွေးခဲ့ကာ တက်ရောက်လာသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်စီမံ အဖွဲ့ဝင်များ၊ ညောင်ဦး/ ကျောက်ပန်းတောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ညောင်ဦးခရိုင် အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း