သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံပဲနောက်စိုက်ဧက ၃၆၂ ဧက ရိတ်သိမ်းပြီးစီး တစ်ဧက ပျမ်းမျှ ၁၀ တင်းကျော် ထွက်ရှိ
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် တစ်မြို့နယ်လုံး ပဲနောက်သီးနှံ ၄၆၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်းသိရပြီး မတ်လကုန်အထိ စိုက်ဧက ၃၆၂ ဧကရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ ၁၀ တင်းကျော်ခန့် ထွက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ နွားလဲကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်(၉)နာရီက နွားလဲကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
မချမ်းဘော့၌ စာပေဟောပြောပွဲကျင်းပ
Apr 08,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စိတ်ခွန်အားမြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့နယ် အုန်းတောတိုက်နယ် ‌ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Apr 08,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် အုန်းတောတိုက်နယ် ‌ဒေသခံပြည်သူ၊ ရဟန်း ရှင်လူ (၅၄၉))ဦးတို့အား အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ကျိုင်းတောင်းမြို့တွင် ချောင်းသဲများရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Apr 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုလျက်ရှိသည့် ချောင်းသဲများကို ဒေသခံပြည်သူများက မိမိတို့အိမ်ဆောက်လုပ်ရန်အတွက် သဲသောင်ပြင်ဖြစ်ထွန်းရာနေရာများသို့သွားရောက်၍ ချောင်းသဲများ သယ်ယူလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Apr 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ်  မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားကို ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Youth Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်  Youth Club  အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Apr 08,2023
အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များထိရောက်စွာဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသောအလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ (Industrial Relations and Employer Organization Committee -IREO)၏ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးကို ဧပြီလ ၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌဦးအောင်ကြည်စိုး၊ ဒုတိယဥက္ကဋ္ဌဒေါ်ခိုင်ခိုင်နွယ်၊ အတွင်းရေးမှူးဦးထွန်းထွန်း၊ အဖွဲ့ဝင်များဖြစ်သော ဦးစိုးမင်းအောင်၊ ဒေါက်တာမြတ်သီတာမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။