ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ မောင်းဂွက်တောကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသော မောင်းဂွက်တောကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ဇင်းနယ်မြေမီးသတ်စခန်း၊ ငါ့သရောက် နယ်မြေမီးသတ်စခန်းနှင့် စဉ့်ကူးနယ်မြေမီးသတ်စခန်းများမှ နယ်မြေအတွင်းသောက်သုံး လိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများ၊ တရားရိပ်သာများ၊ ဆေးပေးခန်းများနှင့် ကျေးရွာ၊ တဲတိုက်များသို့လည်း သောက်သုံးရေလိုအပ်အကူအညီတောင်းခံလာပါက သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း ယနေ့တွင်လည်း ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံလက်ထောက်မီးသတ်ဦးစီးမှူးဦးသန်းလှိုင် ဦးဆောင်ကာမီးသတ်တပ်ဖွဲ့ဝင်များက ငါ့သရောက်မြို့မောင်းဂွက်တောကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း