၂၀၂၃ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးရန်အတွက် ငဖဲမြို့နယ်တွင်ပျိုးပင်ပေါင်း (၆၁၃၀၀ )ပင် ပျိုးထောင် ထားရှိ

ငဖဲ  ဧပြီ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သစ်တောဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊သစ်တောသစ်ပင်များစိမ်းလန်းသာယာစိုပြည်ရေးနှင့်  အပူပိုင်းဒေသစိမ်းလန်းစိုပြည် စေရေး အတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဉယျာဉ် နှင့် ပျဉ်းဝ ပျိုးဉယျာဉ်တွင် ပျိုးပင်ပေါင်း ( ၆၁၃၀၀ ) ပင်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

ငဖဲမြို့နယ်ရှိ မြို့မပျိုးဉယျာဉ်တွင် ယူကလစ် ( ၃၆၃၀၀ ) ပင်၊ ပျဉ်းဝပျိုးဉယျာဉ်တွင် ကျွန်း၊ မျောက်ငို၊ ပျဉ်းကတိုးနှင့်ပိတောက် ( ၂၅၀၀၀ ) ပင်ကို ပျိုးထောင်ထားရှိသည်။

၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၆၁၃၀၀ )ပင်ကို မိုးရာသီလူထု လှုပ်ရှားမှု အဖြစ် ဌာနဆိုင်ရာများနှင့်ပြည်သူလူထုမှ စိုက်ပျိုးရန် ကျွန်း(၁၀၀၀၀) မျောက်ငို (၅၀၀၀) ပျဉ်းကတိုး (၅၀၀၀)၊ ပိတောက်(၅၀၀၀)စုစုပေါင်း (၂၅၀၀၀)ပင်၊  မြို့နယ်သစ်တောဦးစီးဌာန မှစိုက်ပျိုးမည့် ကျေးရွာသုံး ထင်းစိုက်ခင်း ဧက (၃၀) နှင့် သီးနှံသစ်တောရောနှောစိုက်ခင်း (၁၀) ဧကအတွက် ယူကလစ် (၃၆၃၀၀) ပင်ကို ပျိုးထောင်ထားရှိပြီး သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် မိုးရွာသွန်းမှု အခြေအနေအပေါ်မူတည်၍ စိုက်ပျိုးဆောင်ရွက်နိုင်ရေးစီစဉ်ထားရှိကြောင်း မြို့နယ် သစ်တော ဦးစီးဌာနရုံးမှ သိရသည်။

မယု(ငဖဲ)