သတင်းများ

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်နှင့်ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Apr 08,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇)စသည့်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မြစ်သားမြို့နယ်တွင် mobile library စနစ်ဖြင့် စာဖတ်ပရိသတ်များလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး
Apr 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့်စာအုပ်စာစောင် များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။   
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး
Apr 08,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက် ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးခဲ့သည်။
လွိုင်ကော်မြို့၌ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၂/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကျင်းပ
Apr 08,2023
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၃)နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းပြီးမြောက်
Apr 08,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်တန်းပေါ်တွင်တည်ရှိသည့် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ယမန်နေ့နံနက်ပိုင်းက ပြီးမြောက်ပြီးစီးကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံဝန်ထမ်းများအား မိသားစုဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ သိမ်ဆင်းလောင်းလှူပူဇော်
Apr 08,2023
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံအလှူမင်္ဂလာပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းဒုလ္လဘရဟန်းခံ အလှူမင်္ဂလာကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Apr 08,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
ဟိုပန်၌ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်(WBC)၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားပြုလုပ်
Apr 08,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်(WBC)၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။