သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “ကမ္ဘာ့ကျန်းမာရေးနေ့” အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Apr 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း ၍ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) ရေးသားသည့် “အသက် ၁၀၀ နေလိုပါသလား” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Apr 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ(၇)ရက်နံနက်(၁၀)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် Community Centre ခန်းမ၌ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နွေရာသီ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကျင်းပ
Apr 08,2023
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များပညာရည်မြင့်မားဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ရေဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ  Grammar သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံရှေးဦးပြုစုနည်း သင်တန်းဖွင့်လှစ်ပြီးစီး
Apr 08,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဧပြီ ၅ ရက်မှစ၍ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဒေးဒရဲမြို့၌ ပုဂ္ဂလိကမော်တော်ယာဥ်လုပ်ငန်း စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ပုဂ္ဂလိကမော်တော်ယာဥ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ(ချစ်နိုင်)၏ အချိန်ကိုအသုံးချနည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌(Women Cloub)အသင်းမှ ယမန်နေ့က စာရေးဆရာ(ချစ်နိုင်)ရေးသားသည့် အချိန်ကိုအသုံးချနည်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ သစ်တောဦးစီးဌာနက မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း(၁၂၅၀၀)ကျော်ပျိုးထောင်ထားရှိ
Apr 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး