သတင်းများ

ညောင်တုန်းမြို့နယ် ပေစိကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ကျောင်း မြေဧရိယာ(၂)ဧက ပေးအပ်လှူဒါန်းပွဲကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ကေခိုင်ဦး‌ဆောက်လုပ်ရေးကုမ္ပဏီမှ ကျောင်းမြေ ဧရိယာ(၂)ဧက ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို  မြိတ်ခရိုင်နှင့်မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက် ဖွင့်လှစ်ပေးပြီး ဥပဒေအရာရှိများအား တွေ့ဆုံ
Apr 08,2023
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံး အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဂွမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ရှိ ယဉ်ကျေးလိမ္မာ  သင်တန်းသို့  ပြည်သူ့နီတိ စာအုပ်များလှူဒါန်း
Apr 08,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ ယဉ်ကျေးလိမ္မာသင်တန်းရှိ ကျောင်းသား၊ကျောင်းသူများကို ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိ စာအုပ်(၃၀)အား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ လှူဒါန်းခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့​သည်။
သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် လူထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Apr 08,2023
၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ခရမ်းမြို့နယ် အိုးဝကျေးရွာတွင်၊ မြစိမ်းရောင်ရန်ပုံငွေ (ဆဋ္ဌမ)နှစ်စက်ဝန်းအတွက်ကျပ်သိန်း ၄၈၀ထုတ်ချေးပေး
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး‌၊ တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၊ ကျီနီ ချောင်ကျေးရွာအုပ်စု၊အိုးဝကျေးရွာဘုန်း‌ တော်ကြီး‌ကျောင်းတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီက၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်ရန်ပုံ‌ငွေ (ဆဋ္ဌမ)နှစ်စက်ဝန်း အတွက် ချေးငွေထုတ်ချေးပေးခဲ့ ကြောင်းသိရှိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများသို့ ဆန် ၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်း
Apr 08,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌  ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆန်၊ဆီ၊  ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိသည်။