လားရှိုး ဧပြီ ၈
လားရှိုးဂေါက်ကလပ်ကော်မတီမှ ကြီးမှူးကျင်းပသော နှစ်သစ်ကူးမဟာသင်္ကြန် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဂေါက် ကလပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တာဝန်ရှိသူများက Smoke Ball ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည့်သူများဖြင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် နှစ်သစ်ကူးမဟာသင်္ကြန်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမှတ်(၁၁)ရပ်ကွက် သင်္ကြန်အကအဖွဲ့က သင်္ကြန်အကဖြင့်ကပြဖျော်ဖြေခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)