သတင်းများ

ဖျာပုံခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်(၄)မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ) အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ( ၄)နာရီအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့နယ်၌ မီးခိုးမြူငွေ့လျော့ပါးစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့လျော့ပါးစေရေး၊ တောင်ယာမီးရှို့မှု မရှိစေရေးအသိပညာပေးဟောပြောပွဲနှင့် ဒေသန္တရအမိန့် ထုတ်ပြန်ထားမှုများအား အသိပေးချပြရှင်းလင်းခြင်းကို ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ဝမ်ဇလီလော် ကျေးရွာ၌ ကျင်းပခဲ့သည်။
ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Centre ခန်းမ၌ အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာန (Community Centre)ခန်းမ၌ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ပြည်သူများ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရေများသွားရောက်လှုဒါန်းပေး
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှုဒါန်းခြင်းကို အမှတ်(၈)ရပ်ကွက်ကံ့ကော်လမ်း၊ ဗေဒါလမ်းနှင့် အမှတ်(၇)ရပ်ကွက်မင်းတပ်လမ်းတို့တွင် ယမန်နေ့ညနေပိုင်းက သွားရောက်လှုဒါန်းခဲ့ကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
Apr 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့
ဘိုကလေးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လူမှုရေးပင်စင်(၃)ကြိမ်နှင့် ကိုယ်ဝန်ဆောင်များ၊ အသက်(၂)နှစ်အောက် ကလေးငယ်များအား (၂)ကြိမ်ထောက်ပံ့နိုင်ခဲ့
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့သောလူမှုရေးပင်စင်(၃)ကြိမ်နှင့် ကိုယ်ဝန်ဆောင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (၂)ကြိမ်ထောက်ပံ့နိုင်ခဲ့သည်။     
ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့ရိုးရာ သင်္ကြန်နှင့်ပတ်သက်သည့် အသိပညာပေး Talk Show ကျင်းပ
Apr 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက "မြန်မာ့ရိုးရာသင်္ကြန်နှင့်ပတ်သက်သည့် အသိပညာပေး" Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။