သတင်းများ

မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန်အပါအဝင် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊အဆိုတော်များ၊ စတုဒီသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 08,2023
၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ကန်သာယာတွင်သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များအပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များ၌ နေ့စဉ်နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ် ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။  
မိုင်းရယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးရေးရာအဖွဲ့များနှင့်ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း လက်တွေ့ပြုလုပ်
Apr 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း လက်တွေ့ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
မိုင်းခတ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Apr 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း Women Club နှင့် Book Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
လပွတ္တာခရိုင်တွင် စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း အောင်မြင်စွာကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပူတာအို၌ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကျင်းပ
Apr 08,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာအသိပညာ တိုးပွားစေရန်နှင့်သင်တန်းမှရရှိသည့် အတတ်ပညာ အသိပညာတို့ဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ဖိနပ်ချုပ်သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပူတာအို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲ၊ သစ်စိမ်း‌မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ခြင်းတို့ ဆောင်ရွက်
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ်‌ နွေစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ၊ သစ်စိမ်း‌မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ခြင်းတို့ကို ယမန်နေ့နံနက် ၉:၀၀  နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌နော်မိုင်လှကြည်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Apr 08,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၌ မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ် များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်နှင့်ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Apr 08,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇)စသည့်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။