မောက်မယ်မြို့နယ်၌ သစ်တောဦးစီးဌာနက မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း(၁၂၅၀၀)ကျော်ပျိုးထောင်ထားရှိ

မောက်မယ် ဧပြီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အကောင်အထည်ဖော်နိုင်ရန်နှင့် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း(၁၂၅၀၀)ကျော် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း(၇၀၀၀)၊ စိန်ပန်းနီ(၁၅၀၀)၊ စိန်ပန်းပြာ(၁၅၀၀)၊ မယ်ဇလီ(၅၀၀) ၊ ဗန်ဒါပင်(၁၀၀၀) ၊ ရေတမာ(၁၀၀၀) စုစုပေါင်း(၁၂၅၀၀)ပင်ကို မြို့နယ်သစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိပြီး မိုးရာသီဇွန်လဆန်းပိုင်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)