လယ်ဝေး ဧပြီ ၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဧပြီ ၅ ရက်မှစ၍ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ဂုဏ်ထူးဆောင်တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ငွေနှင့် တပ်ဖွဲ့ဝင်များက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ အမှတ်အသားများအကြောင်း၊ ပတ်တီးစည်းနည်း၊ ဆို့နင်ခြင်း၊ မြွေကိုက်ခြင်း၊ အရိုးကျိုးခြင်းနှင့် အခြေခံရှေးဦးအသက်ကယ်နည်းများအကြောင်း သင်ကြားပို့ချပေးခဲ့သည်။ သင်တန်းကာလမှာ ၃ ရက်ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)