ခရမ်း ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက နွေရာသီ၏ ဧပြီ၊ မေ အပူဆုံးကာလနှင့်ခရမ်းလွန်ရောင်ခြည်ဒဏ် ခံစားရသည့်ကာလအပိုင်းအခြားများ၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ သတိပြုလိုက်နာရမည့်အချက်များ၊ နေပူထဲထွက်ပါက အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်အလတ်များ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား အပူဒဏ်ကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည်များနှင့် အပူဒဏ်နဲ့ခရမ်းလွန်ရောင်ခြည်ကျရောက်ခြင်းကိုခံစားရပါက ကာကွယ်နေထိုင်ရမည့် နည်စနစ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )