ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ကျောက်ဆည်  ဧပြီ   ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ(၇)ရက်နံနက်(၁၀)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေက အချိန်ကိုအကျိုးရှိစွာ အသုံးချစေရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ကိုင်လိုသူများ အထောက်အကူဖြစ်စေရန် အရင်းအနှီးနည်းနည်းဖြင့်ဖြင့် အကျိုးဖြစ်ထွန်းစေပြီး မိမိတို့ကိုယ်တိုင်အသင့်ပြုလုပ်နိုင်သည့် ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်ခြင်းအားဖြင့် ရရှိလာသောအကျိုးကျေးဇူးများရရှိစေရန်အတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်ကို သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်ပပကြည်က လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များနှင့် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ပြီး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်