ကွမ်းခြံကုန်း ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌(Women Cloub)အသင်းမှ ယမန်နေ့က စာရေးဆရာ(ချစ်နိုင်)ရေးသားသည့် အချိန်ကိုအသုံးချနည်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦး(ဦးစီးအရာရှိ)မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး(WomenClub)အဖွဲ့ဝင် ဒေါ်သဲဆုက ပညာလိုအိုသည်မရှိ အကြောင်းအရာအားလည်းကောင်း၊ (Women Club)အတွင်းရေးမှူး မဝေဝေနိုင်က အချိန်ကိုအသုံးချနည်း အကြောင်းအရာအားလည်းကောင်း၊ ဝိုင်းဖွဲ့ဆွေးနွေးရာ(Women Cloub)ဉက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးကမှ အပြန်အလှန်သုံးသပ်ဆွေးနွေဆွေးနွေးပြီး ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှ တဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ပြိုင်ပွဲများ၊ သင်တန်းများကျင်းပပြုလုပ်ပေးခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်(IPRD)