မော်လမြိုင်မြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library ဆောင်ရွက်ပေး
Apr 07,2023
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် (Mobile Library Bus)ဖြင့် ယမန်နေ့က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးဦးစီးဌာနသို့ သုတရသစာအုပ်စာစောင် မျိုးစုံယူဆောင်၍ သွားရောက် ငှာရမ်းပေးခဲ့ကြသည်။