နွေရာသီ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကျင်းပ

ရေဦး  ဧပြီ  ၈

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များပညာရည်မြင့်မားဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ရေဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ  Grammar သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်း (တာဝန်ပေး)ကသင် တန်းဆင်းအမှာစကား ပြောကြားရာတွင်  “အ‌ခြေခံအင်္ဂလိပ်စာ GRAMMAR သင်တန်းကိုမတ်လ ၁၉ ရက်နေ့မှ ယခုလ ၇ ရက်နေ့အထိ (၂၀) ရက်ကြာ ဖွင့်လှစ် သင်ကြားပြီးမြောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်း သူများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့်သင်ခန်းစာများကိုလည်းပြန်လည် လေ့ကျင့်စေလိုပါကြောင်း၊ သဒ္ဒါတတ်မှ စာတတ်သည်ဆိုသကဲ့သို့  ပြန်လည်လေ့လာစမ်းစစ် လေ့ကျင့်မှုများ ပြုလုပ်စေ လိုကြောင်း၊ ကိုယ်တိုင်လေ့ လာရာတွင်လည်း အခက်အခဲရှိပါကသင် တန်းဆရာထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း၊ သင်တန်းပြီးမြောက်ပြီ ဖြစ်သော်လည်း ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရှာဖွေယင်း စာကြည့်တိုက်မှစာအုပ် ပေများလည်းလာ ရောက်လေ့လာ ဌားရမ်းဖတ်ရှု စေလိုပါကြောင်း ၊   ယခုလို သင်တန်းအား စိတ်ပါဝင်စားစွာ ပြီးမြောက်သည်အထိ သင်ယူခဲ့ကြသည့် သားတို့သမီးတို့ကို မှတ်တမ်းတင် ချီးကျူးပါကြောင်း  စသည်ဖြင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

  “ကျွန်မတို့ Grammar ကို ရေရေရာရာမသိခဲ့ပါဘူး အခုဒီသင်တန်းတက်မှ Grammar ဆိုတာ စာရေးသားနည်းတစ်ခုလို့သိခဲ့ရတယ်၊  ဝါစင်္ဂ(၈)မျိုး ၊ Verb အကြောင်းတွေ၊ ပြီးတော့ Tense တစ်ခုချင်းစီအလိုက် ရိုးရိုးဝါကျ အငြင်းဝါကျ မေးခွန်းဝါကျ တည်ဆောက်ပုံ‌ တွေအပြင်  အခြေခံဝါကျငါးမျုးမှသည် Active voice မှ Passive Voice ပြောင်းလဲကေးသားပုံတွေ ကို သေချာသိခွင့် ရခဲ့ပါတယ်၊ ထို့တွက်  သမီးတို့အနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အချိန်ကိုအ ကျိုးရှိရှိ  ဒါ့ပြင်အသုံးချခွင့်ရရှိခဲ့တယ်လိုတိုရပါမယ်၊ ဒါ့ပြင် စာကြည့်တိုက်မှာ သင်တန်းလဲတက် ပြင်ပဗဟုသုတရ စာအုပ်စာပေတွေလဲ လေ့လာခွင့် ဖတ်ရှုခွင့်ရခဲ့လို့  တာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်” ဟု သင်တန်းသူ မအိအိ‌ကျော်က ပြောကြားသည်။

 “နွေရာသီ အခြေခံသင်တန်းကို တက်ရောက်သင်ယူခွင့်ရတဲ့အတွက် သားတို့မသိသေးတဲ့ သဒ္ဒါပိုင်းတွေကို သိရှိခွင့်ရရှိခဲ့ပါတယ် နောက်ပြီးတော့ ဝါကျတည်ဆောက်ပုံတွေ Tense အမျိုးအစား တွေကိုလည်း သိရှိသင်ကြားခွင့်ရရှိခဲ့ပါတယ်။ အခုလိုသင်တန်းပို့ချခြင်းကြောင့် သားတို့လို ကျောင်းသူ/ ကျောင်းသားတွေအတွက် နွေရာသီအားလားရက်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ်။ သင်တန်းမစမီအချိန်မှာလည်းကိုယ်နှစ်သက်တဲ့စာပေရပ်တွေလည်းလေ့လာခွင့်ရခဲ့လို့ကျောင်းစာ အပြင် ပြင်ပဗဟုသုတတွေလည်းရရှိခဲ့ပါတယ်။ ဒီသင်တန်းကို တက်ရောက်ခွင့်ရတဲ့အတွက်  သင်တန်းသားတွေမှာ မသိတာတွေသိရပြီးအသိပညာ ဗဟုသုတတွေတိုးပွား ခဲ့ပါတယ်” ဟုသင်တန်းသားမောင်ကောင်းခန့်ဟိန်း က  ပြောကြားသည်။

အဆိုပါ သင်တန်းသို့သင်တန်းသူ/ သင်တန်းသား (၃၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ မတ်(၁၉)ရက်နေ့မှ ဧပြီလ(၇) ရက်နေ့အထိ (၂၀)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)