သတင်းများ

ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေပေး
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈း၃၀ နာရီအချိန်ခန့်က လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးနှင့် သင်္ဘောဆိပ်တို့၌ ဖြန့်ဝေပေးခဲ့ကြသည်။
မချမ်းဘောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာ မြို့မစျေးလမ်းဆုံ၌ စိုက်ထူခဲ့သည်။
ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်
May 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 09,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၉နာရီခန့်ကကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာနမှ အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေ
May 09,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့၌ ယနေ့နံနက် ၈နာရီအချိန်၌ ပြည်ခရိုင်ဘေးအန္တရာယ်စီမံန်ခွဲ့မှု့ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင် ပြန်/ ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ပြည်မြို့လူစည်ကားနေရာဖြစ်သော မြို့မဈေးကြီးရှေ့၌ ဈေးသည်များ ဈေးဝယ်လာသူများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အမာမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေးနှိုးဆော်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် လယ်ယာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ လယ်ယာမြေများ အထွက်တိုးစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ တောင်သူများ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။