မချမ်းဘောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

မချမ်းဘော မေ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာ မြို့မစျေးလမ်းဆုံ၌ စိုက်ထူခဲ့သည်။

ကျောင်းအပ်နှံရေးဆိုင်းဘုတ်တွင် "ကျောင်းနေအရွယ် ကလေးများအား လုံးပညာမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ဆောင်ပုဒ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ (၂၃) ရက်မှ မေလ( ၃၁) ရက်နေ့အထိ ဖြစ်ကြောင်း အသိပေးနှိုးဆော်မှုများ ပါဝင်သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဂျီယောနသန်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများက တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

ယောရွှနီ(မချမ်းဘော့)