ကျောင်းကုန်းမြို့၌ မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေပေး

ကျောင်းကုန်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈း၃၀ နာရီအချိန်ခန့်က လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးနှင့် သင်္ဘောဆိပ်တို့၌ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် နောက်ဆုံးထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း‌‌ဒေသကြီးအတွင်း ဖြတ်ကျော်ဝင်ရောက်မည်မဟုတ်ဟု ဆိုသော်လည်း "သတိဆိုတာ ပိုတယ်မရှိ" ဆိုသည်နှင့်အညီ ပြည်သူများ ကြိုတင်သတိထားနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းအဖွဲ့က လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)