သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက် အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်
May 09,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိတ္ထီလာတပ်နယ် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
May 09,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုများကို ယမန်နေ့ နံနက် ၈ နာရီက ကြက်မောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့
May 09,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် အရာရှိများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့သို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
‌ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့်
May 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါသည့် ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်ခြင်းကို Welcome To Kyauk Phyu အနီးရှိ ပင်လယ်ပြင်နေရာ၌ ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်မဂ္ဂင်(ရွှေကျင်) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေပေး
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈း၃၀ နာရီအချိန်ခန့်က လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးနှင့် သင်္ဘောဆိပ်တို့၌ ဖြန့်ဝေပေးခဲ့ကြသည်။
မချမ်းဘောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာ မြို့မစျေးလမ်းဆုံ၌ စိုက်ထူခဲ့သည်။