သတင်းများ

ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ ယမန်နေ့နံနက် ၈:၃၀ နာရီတွင် ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲနုတ်ချွေအငှားလိုက်သူများ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲသီးနှံပေါ်ချိန် မြေပဲနုတ်ချွေ အငှားလိုက်သူများ  တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ “ဒီနှစ်က မိုးရွာသွန်းမှုနည်းတဲ့အတွက် မြေသားကမာပြီး မြေပဲပင်နုတ်ရကြတ်တယ်၊ တစ်ချို့လဲ ရေသွင်းပြီးမှ နုတ်ကြရတယ်၊ အဲ့ဒီအတွက် ဈေးပိုပေးရတယ်၊ တစ်ချို့က မြေပဲတစ်တင်းကို ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ အမျိုးအမျိုးဈေးပေးပြီး  ငှားရတယ်”
ကျောက်တန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးများအာလုံး ကျောင်းအပ်နှံရေးအတွက် မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့နံနက် ၇ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖားကန့်မြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေ ညှိနှိုင်းဆွေးနွေး
May 10,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေ့သည့် လုပ်ငန်းများအခြေအနေ ညှိနှိုင်‌ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သပိတ်ကျင်းခရိုင်အတွင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆရာဖြစ် ဆင့်ပွားသင်တန်း ဒုတိယနေ့ ဆက်လက်ပို့ချ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်  အခြေခံပညာ အထက်တန်းကျောင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ် ဆင့်ပွားသင်တန်း ပို့ချမှုကို ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သွေးတိုးရောဂါ သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ ပူ‌ပြင်းခြောက်သွေ့သော နွေရာသီတွင်  သွေးတိုးရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်ရည်ရွယ်၍ "သွေးတိုးရောဂါ သိကောင်းစရာ" အသိပညာပေးTalk Show ကို မေလ ၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ အချိန်ကပြုလုပ်ခဲ့သည်။