သတင်းများ

ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB(1.16)(Arcturus)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း Mask Campaign ပြုလုပ်
May 10,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က  စတင်ပြီး ပြည်သူများ XBB(1.16)(Arcturus)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ဖြစ်ပွားကူးစက်မှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်၍  နှာခေါင်းစည်း Mask များ၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့ ညောင်ဦး-ကျောက်ပန်းတောင်း နှစ်လမ်းသွားလမ်းမကြီး ဝဲ/ယာတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို၌ Club အသင်းများနှင့်ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
တောင်ကုတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကျင်းပ
May 10,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ သရုပ်ပြဆောင်ရွက်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သရုပ်ပြဆောင်ရွက်ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက် (၉)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌  မေ(၈)ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
May 10,2023
၂၀၂၃ ခုနှစ်၊ မေ  ၈ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊  မြဝတီမြို့နယ်  ကြက်ခြေနီတပ်ဖွဲ့ရုံးခန်းမ၌  ကျင်းပကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
May 10,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
ငါ့သရောက်မြို့တွင် မီးသတ်ဦးစီးဌာနမှ မောင်ဂွက်တောကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ရေဂါလံ ၃၂၀၀ သွာရောက်လှူဒါန်း
May 10,2023
 မန္တလေးတောင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မီးသတ်ဦးစီးဌာနမှ မြို့လက်ထောက်ဦးစီးမှူး ဦးသန်းလှိုင် ဦးစီး၍ မီးသတ်တက်ဖွဲ့ဝင်များမှ ငါ့သရောက်မြို့ တောပြားကျေးရွာအုပ်စု မောင်ဂွက်တောကျေးရွာ မင်္ဂလာကံဘုန်းတော်ကြီးကျောင်းသို့ သွာရောက်ကာ သောက်သုံးရေ ရေဂါလံ ၃၂၀၀ အားသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။