ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာနမှ အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေ

ပြည် မေ ၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့၌ ယနေ့နံနက် ၈နာရီအချိန်၌ ပြည်ခရိုင်ဘေးအန္တရာယ်စီမံန်ခွဲ့မှု့ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင် ပြန်/ ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ပြည်မြို့လူစည်ကားနေရာဖြစ်သော မြို့မဈေးကြီးရှေ့၌ ဈေးသည်များ ဈေးဝယ်လာသူများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါဖြန့်ဝေခဲ့သော မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်နှင့် လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များတွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးရှောင်ရှားသင့်သည့်အချက်များပါဝင်ပြီး လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်တွင် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုပ်နာရန်အချက်များ ပါဝင်ကြောင်း သိရသည်။

ကိုစိုး(ပြန်/ ဆက်)