သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ
May 10,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ကွန်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတချို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့်  လူနေအိမ်(၂၃)လုံးအမိုးလန်ပျက်စီး
May 09,2023
မကွေးတိုင်းဒေသကြီး အောင်လံခရိုင်အောင်လံမြို့နယ်တွင် ယနေ့ည ၅နာရီခွဲအချိန်ခန့်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ရွာပြင်း‌ကျေးရွာအုပ်စု ရွာဟိုင်းကျေးရွာ၊ ရွာပြင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာ၊ ဈေးကုန်းရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့်  လူနေအိမ်(၂၃)လုံး အမိုးလန်ပျက် စီးခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့်ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၇၄)လုံး အမိုးလန်ပျက်စီးပြီးလူနေအိမ်(၆)လုံးပြိုလဲမှုဖြစ်ပွား
May 09,2023
မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၈၀)လုံး အမိုးလန်၊ ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက် အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်
May 09,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိတ္ထီလာတပ်နယ် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
May 09,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုများကို ယမန်နေ့ နံနက် ၈ နာရီက ကြက်မောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့
May 09,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် အရာရှိများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့သို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
‌ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့်
May 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါသည့် ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်ခြင်းကို Welcome To Kyauk Phyu အနီးရှိ ပင်လယ်ပြင်နေရာ၌ ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်မဂ္ဂင်(ရွှေကျင်) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။