အလုံမြို့နယ်၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးပိုစတာများ ချိတ်ဆွဲ
May 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးပိုစတာများချိတ်ဆွဲခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် အများမြင်သာသည့်နေရာများတွင် အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။