သတင်းများ

ရွှေဘိုခရိုင်/မြိုနယ် မီးသတ်ဦးစီးဌာနတွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်​လေ့ကျင့်မှုများ​ ဆောင်ရွက်
May 10,2023
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်​လေ့ကျင့်မှုနှင့် လိုအပ်မည့် ပစ္စည်းကိရိယာများ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ​ခြင်းကို ယမန်​​နေ့နံနက်ပိုင်းက​ဆောင်ရွက်ရာ ဒုမြို့နယ်အုပ်ချုပ်​ရေမှူးနှင့် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ သဘာဝဘေးအပေါ် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား စစ်ဆေး
May 10,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက် ၉ နာရီအချိန် စစ်ဆေးဆောင်ရွက်ခဲ့သည်။
နမ့်စန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီး
May 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယမန်နေ့ ညနေ ၆နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဟိုက်ဖတ်ကျေးရွာအုပ်စုမှ ဟိုက်ဖတ်ကျေးရွာ၊ နားတုံကျေးရွာနှင့် ဝမ်လုံကျေးရွာတို့ရှိ သွပ်မိုး၊ အုတ်ညှပ် နေအိမ်(၂)လုံး၊ သွပ်မိုးထရံကာ နေအိမ်(၅)လုံး၊ စုစုပေါင်း (၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အမှတ်(၃)ရပ်ကွက်ရှိ အတုလကာရီ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း အရှည် ပေ ၄၀ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခြင်းနှင့် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်စည်ပင်သာယာမြို့မဈေးကြီးနှင့် သုံးဆယ်မြို့၊ မြို့မစျေးတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ဇလွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မတိုက်နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် နယ်မြေတာဝန်ခံဗိုလ်မှူးကြီး သိန်းနိုင်စိုးသည် ဇလွန်မြို့နယ် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မတိုက်နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ တွေ့ဆုံခဲ့သည်။
နတ်တလင်း မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံကြပါစို့ အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ခနောင်မီးခြစ်စက် ချောင်းဝကျေးရွာရှိ ခနောင်ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။