ဖားကန့်မြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေ ညှိနှိုင်းဆွေးနွေး

ဖားကန့် မေ ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေ့သည့် လုပ်ငန်းများအခြေအနေ ညှိနှိုင်‌ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်မောင်မောင်က မိုးပြင်းထန်းစွာ ရွာသွန်းလာပါက မြေပြိုမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် လူနှင့်ပစ္စည်းများ ထိခိုက်ပျက်စီးမှု လုံးဝမဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်ကြသည့် ပြည်သူလုထုများအား ရွှေ့ပြောင်းထားရှိနိုင်ရေးကို ကြိုတင်၍ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များကပူးပေါင်းကာ အသိပေးပြီး အန္တရာယ်မဖြစ်နိုင်သည့် နေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားနိုင်ရေး ဆောင်ရွက် ထားရမည် ဖြစ်သည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိဌာနအလိုက် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဉရုချောင်းရှင်းလင်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့များက အမြန်ပြီးစီးအောင်ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် လုပ်ငန်းကဏ္ဍများအလိုက် အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အနေဖြင့် ယခင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ မြေပြိုမှု (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၁၃)ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရ၍ နေအိမ်(၁)လုံးပျက်စီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)