ကျောက်တန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကျင်းပ

ကျောက်တန်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးများအာလုံး ကျောင်းအပ်နှံရေးအတွက် မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့နံနက် ၇ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သန်းဦးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ပြီး ကျောင်းအပ်နှံရေးမြေစိုက်ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)