ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တန်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ ယမန်နေ့နံနက် ၈:၃၀ နာရီတွင် ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင် မြို့နယ်စီမံအဖွဲ့၀င်(၁)ဗိုလ်မှူး‌တေဇာမြင့်၊ မြို့နယ်လုံ‌ခြုံရေးအဖွဲ့တပ်ဖွဲ့မှူးဗိုလ်မှူးနန်းဦး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်ထောက်ညွှန်ကြား‌ရေးမှူးဦးHကံထူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌အောင်ကျော်ဝင်းတက်ရောက်ခဲ့သည်။ ဆက်လက်၍ သဘာဝမုန်တိုင်းနှင့်ပတ်သက်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ (Mocha)မုန်တိုင်းနှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များ ဆောင်ရန်ရှောင်ရန်များ စုရပ်များသတ်မှတ်ခြင်း၊ ရိက္ခာဆေးဝါး အခြားအထောက်အကူပြုပစ္စည်းများ စုဆောင်းရမည့်ကိစ္စရပ်များ သတင်းစဥ်ဆက်မပြတ်စေရေးနှင့် before during after အချက်များမှာကြားခြင်းနှင့် အခြားလိုအပ်သည်များအပါအဝင် မုန်တိုင်းဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)