သပိတ်ကျင်းခရိုင်အတွင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆရာဖြစ် ဆင့်ပွားသင်တန်း ဒုတိယနေ့ ဆက်လက်ပို့ချ

သပိတ်ကျင်း မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်  အခြေခံပညာ အထက်တန်းကျောင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ် ဆင့်ပွားသင်တန်း ပို့ချမှုကို ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာမ ဒေါ်မေဖြိုးသွယ်(ဥက္ကဋ္ဌ) မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ဒေါ်မာမာစိုး (ဦးစီးအရာရှိ) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ သင်တန်းသူ(၁၈)ဦးတို့အား ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာနှင့် မင်္ဂလာဆုတောင်းကျင့်စဉ်များ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူဆုတောင်း ခြင်းများကို မြန်မာပါဠိနှစ်ဘာသာဖြင့်သင်ကြားပို့ချပေးခဲ့သည်။

သပိတ်ကျင်းခရိုင်အတွင်းရှိ ကလေးငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမျိုးဘာသာ၊ စာရိတ္တ၊ ယဉ်ကျေးမှုဖွံဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ယခုသင်တန်းတက်ရောက်သည့်    

ခရိုင်/မြို့နယ် မိသားစုထိန်းသိမ်းရေးကော်မတီဝင်များနှင့် ပညာရေးဌာနမှ ဆရာမများက ပြန်လည်သင်တန်း ဖွင့်လှစ်ပို့ချနိုင်ရန် ရည်ရွယ်ပြီး အဆိုပါ သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)