သတင်းများ

မော်လမြိုင်ခရိုင် Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 10,2023
မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
လိပ်သိုဒေသရှိ ကျေးရွာအချို့မှဒေသခံများ မလွှပွင့်များအား စုဆောင်းသိုလှောင်ထားရှိ
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များ၊ ဥယျာဉ်ခြံများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော မလွှပင်ကြီးများမှ မလွှပွင့်များကို ဒေသခံအချို့က စားသုံးရန် စုဆောင်းအခြောက်ခံနေလှန်း သိုလှောင်ထားရှိလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူစည်းကာရာဈေးနှင့်ဈေးဆိုင်များတွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပကပိုင်ဈေး၌ ရောင်းချနေသည့် ဈေးသူ/သားများနှင့် ဈေးဝယ်သူများအား သဘာ‌ဝ‌ဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ တို့သည် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခြင်းနှင့် မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက ကျေးရွာများအတွင်း သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးဆိုင်ရာ ယာဉ်ယန္တရားများ  ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို လာရောက် ကြည့်ရှုစစ်ဆေး
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂လမ်းx၁၀၇လမ် ထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဝန်းအတွင်းသဘာဝဘေး အန္တရာယ်ကူညီစောင့်ရှောက်ရေးဆိုင်ရာ ယာဉ်ယန္တရားများ ကြိုတင်ပြင်ဆင်ထားမှု အခြေ အနေများကို မန္တလေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ မုန်တိုင်းဘေးသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းဘေးသတိပေးချက် လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က လူစည်ကားရာနေရာ ရန်ကုန်-မန္တလေး လမ်းမဘေး ဗိုလ်ချုပ်လမ်းထိပ်တွင် လမ်းသွားလမ်းလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေး အန္တရာယ်အသိပညာပေး နံရံကပ် စာစောင်ပြသ
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို ပြည်သူများအသိပညာ ဗဟုသုတပိုမိုသိရှိစေရန်  ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့သည်။