သတင်းများ

ဗန်းမော်မြို့တွင်ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကျင်းပ
May 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပကို ယမန်နေ့မွန်းလွဲ (၃) နာရီခန့်က ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီအလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအား ကြည့်ရှုစစ်ဆေး
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီအလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ် တပ်ဖွဲ့၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့နံနက်  (၉)နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ လာရောက်လေ့လာကြည့်ရှုအားပေးခဲ့သည်။
လှည်းကူးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံအရောက်ဖြန့်ဝေ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက်  နံရံကပ်ပိုစတာကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဒေးဒရဲမြို့၌ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် (၇)နာရီခွဲက လူစည်ကားရာ ဒေးဒရဲတံတားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းအနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
May 10,2023
မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပျော်ဘွယ်မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီတစ်ပိဿာလျှင်(၅၀၀၀) ကျပ်နှုန်းဖြင့် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများသို့ ယမန်နေ့ နံနက်(၈)နာရီမှစတင်ကာ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပါတ် မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီ တင်းပတ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နေ့လည် ၂:၀၀ နာရီအချိန်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။