ချမ်းမြသာစည် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂လမ်းx၁၀၇လမ် ထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဝန်းအတွင်းသဘာဝဘေး အန္တရာယ်ကူညီစောင့်ရှောက်ရေးဆိုင်ရာ ယာဉ်ယန္တရားများ ကြိုတင်ပြင်ဆင်ထားမှု အခြေ အနေများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ၀န်ကြီးချုပ်နှင့် အဖွဲ့သည် ချမ်းမြသာစည် တောင်ရပ်ကွက်၊ သံလမ်းနှင့် ၈၂ လမ်းကြား၊ ဂိုဒေါင်အလုံး (၂၀)ရှိရာသို့ ရောက်ရှိပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ (မန္တလေး)၊ ဂိုဒေါင်အမှတ် (၆၊၁၆၊၁၇)တွင်ထားရှိသည့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအေးမင်းသူမှ လိုက်လံပြသရှင်းလင်းခဲ့ပြီး ၀န်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)